လယ်သူမစပါးပေါင်းသတ်ဆေးသည် Bensulfuron methyl 6% + Quincloral 34% နှစ်ခု ပေါင်းစပ်ထားသောဆေးဖြစ်သောကြောင့်
- ရွက်ပြန့်ပေါင်းအုပ်စုများ၊ မြက်အုပ်စုဝင်ပေါင်းများ၊ မုံညှင်းအုပ်စုပေါင်းများ၊ ပေါင်းအုပ်စု သုံးမျိုးလုံးကို နှိမ်နင်းနိုင်ပါသည်။
- ဆေးဖျန်းပုံးတစ်ပုံးလျှင် (၃၀) ဂရမ် (၃) ဇွန်းမှ (၄၀) ဂရမ်း (၄) ဇွန်း နှုန်း ပေါင်းပင် အရွယ်အစား ပေါ်မူတည်၍ (၁) ဧကလျှင် (၆)ပုံးမှ (၈) ပုံးနှုန်း ပက်ဖျန်းပါ။
ပေါင်းသတ်ဆေးဖျန်းရာတွင် ဂရုပြုသင့်သောအချက်များ
- ပေါင်းပင် ငယ်စဉ်တွင် ပက်ဖျန်းပါ။ ပေါင်းပင်အရွယ် (၁၀) ရက်သား အရွက် (၂-၃)ရွက် ထွက်ချိန်ဖျန်းလျှင် အကောင်းဆုံးဖြစ်ပါသည်။ အနိမ့်ဆုံးနှုန်းထားဖြင့် ပေါင်းကိုသေစေနိုင်ပြီး သီးနှံပင်အား ထိခိုက်မှု့မရှိနိုင်ပါ။
- ဒုတိယအကောင်းဆုံးဖျန်းချိန်မှာ (၂၀-၂၅) ရက် (သိုမဟုတ်) ပေါင်းပင်အရွက် (၅) ရွက်ထွက်ချိန်ဖြစ်သည်။
- ပေါင်းပင် (၁) လသားကျော်ပြီး အပွင့်၊ အနှံများ ထွက်ချိန်ရောက်မှ ဖျန်းရန်မသင့်တော်ပါ။ အကြောင်းမှာ ဆေးနှုန်းထားများများသုံးရပြီး သီးနှံပင်အား ထိခိုက်စေနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။
- ရွံ့နွံ အနည်အနှစ်များပါသောရေနှင့် ဖျန်းရန်မသင့်ပါ။
- ခြေလှမ်း မှန်မှန်ဖြင့် နှံ့စပ်အောင် ပက်ဖျန်းပါ။ ယပ်တောင်ပုံဖြာသည့် နော်ဇယ်ခေါင်းကို အသုံးပြုပါက ပို၍ထိရောက်ပါသည်။
- ပေါင်းးသတ်ဆေးဖျန်းပြီး (၃-၄) ရက်ကြာမှသာ မြေသြဇာကျွေးပါ။